ဘယ်သွားသွား ပတ်စ်ပို့ မလိုတဲ့ ဗြိတိန် ဘုရင်မ



ဗြိတိန်နိုင်ငံရဲ့ ဘုရင်မကြီး ဖြစ်တဲ့ အယ်လီဇဘတ် ဟာ ခရီးသွားရင် ပတ်စ်ပို့ မလိုပါဘူး။ သူကိုယ်တိုင်မှာလည်း ဘာ ပတ်စ်ပို့မှ မရှိပါဘူး။ သူ့နိုင်ငံသားများ အတွက် ထုတ်ပေးတဲ့ ပတ်စ်ပို့ တိုင်းမှာတော့ ဘုရင်မကြီး အယ်လီဇဘတ်က ထုတ်ပေးသည် ဆိုတဲ့ စာနဲ့ အသိအမှတ်ပြု အမှတ်အသား များ ပါဝင် ပါတယ်။


သူမအနေနဲ့တော့ ဘာပတ်စ်ပို့မှ မလိုအပ်သလို ရှိလဲ မရှိပါဘူး။ အကယ်၍ နိုင်ငံရပ်ခြား ခရီးသွားတော့မယ်ဆိုရင် သူ့ရဲ့ ကိုယ်ရံတော်နဲ့ လုံခြုံရေးများက စီစဉ်ပေးရ ပါတယ်။ သူမ လည်ပတ်ပါတယ်ဆိုပြီးတော့ လာဖို့အတွက် အချက်အလက်များကို ကြိုပေးပြီး လျှို့ဝှက် Protocol များ ထားရှိပါတယ်။ အကြောင်းကတော့ သူမမဟုတ်ပဲနဲ့ အခြားသူများက ဟန်ဆောင် သွားမှာ စိုးလို့ ဖြစ်ပါတယ်။ ယနေ့အချိန်ထိကတော့ သူမ အဲ့ဒီလို ခရီးသွားမှုအပေါ် ဘာ ပြဿနာ အခက်အခဲမှ မရှိသေး ပါဘူး။

ဗြိတိန်နိုင်ငံသားများရဲ့ ပတ်စ်ပို့ဟာ ကမ္ဘာမှာ သြဇာအရှိဆုံး ပတ်စ်ပို့ ထိပ်ဆုံး ငါးခု စာရင်းထဲမှာ ပါဝင်နေသေးပြီး ၎င်းတို့ရဲ့ ဒနသဟာရ နိုင်ငံများစွာကို ကြိုက်သလို ဝင်ထွက်သွားလာ နိုင်ပါတယ်။
.
Ref: dyknow
အောင်ခမ်း 

0 comments: