ကော်စတာရီကာမှာ သဘာဝအလျောက် စွမ်းအင်ဖြင့် လျှပ်စစ်ပေး



ကော်စတာရီကာဆိုတာ အမေရိကန်တိုက် အလယ်ပိုင်းက နိုင်ငံသေးသေးလေး ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်များ အင်မတန် စိမ်းဆို လှပ ပါတယ်။ ထူးခြားချက် အနေနဲ့ မိုးသစ်တော ထူပြောခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီရေမိုးသစ်တောကို အခြေမှီပြီး ရေအားလျှပ်စစ် နဲ့ Geothermal လို့ခေါ်တဲ့ မြေထဲက အပူဓာတ်စွမ်းအင်ကို အသုံးပြုတဲ့ လျှပ်စစ်ကို အသုံးပြုလို့ လျှပ်စစ်ထုတ်ပါတယ်။


၂၀၁၄ ခုနှစ် ကတည်းက ဘယ်တွင်းထွက်သတ္တုများကို အသုံးမချတော့ပဲ လျှပ်စစ်ထုတ်လာတာ စမ်းသပ်ချက် အသစ်ရ ပြန်လည် အသစ်ဖြစ်နိုင်တဲ့ စွမ်းအင်တဲ့ လျှပ်စစ်ထုတ်ခြင်းကို ၇၅ ရက်စလုံး ပြည့်အောင် စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးကို ၇၅ ရက်လုံးလုံး မီးပေးနိုင်ခဲ့ပြီး ယခု အစိုးရရဲ့ ဆုံးဖြတ်ချက် အသစ်ကတော့ နောက်ဆိုရင် ပတ်ဝန်းကျင်ကို မထိခိုက်တဲ့ နည်းပညာနဲ့ပဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

စိမ်းဆိုနေတဲ့ သဘာဝပတ်ဝန်းကျင်ကို အကောင်းအတိုင်းထားပြီး ရေအား နဲ့ Geotharmal ကိုသာ အသုံးချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

0 comments: