Huawei ရဲ့  စွမ်းဆောင်ရည်မြင့် Ascend P6S အကြောင်း



Huawei ရဲ့  အမြင့်ဖုန်း Ascend P6 ထက် တစ်ဆင့်မြင့်မယ့် စမတ်ဖုန်း Huawei Ascend P6S ကို မိတ်ဆက်ပြသတော့မှာ ဖြစ်ပါတယ်။


Leaked ဖြစ်နေတဲ့ ဓာတ်ပုံတွေကတော့ အင်တာနက်မှာ ပြန့်နေပါပြီ။ ထွက်ရှိတဲ့ သတင်းများအရတော့ ကမ္ဘာ့ အမြန်ဆုံး Processor ကို အသုံးပြုမယ်ဆိုခြင်း ဖြစ်ပါတယ်။ လက်ရှိ သုံးနေကျ Quad core မဟုတ်တော့ပဲ Core ၈ ခုပါတဲ့ Octa Core Processor ကို အသုံးပြုမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဒ့ါအပြင် CPU နဲ့ GPU ၂ ခုစလုံးက အရည်အသွေးမြင့်လာပြီး 64 bit architecture chip အသုံးပြုမှု ကို မြင်တွေ့ ရမယ် ဖြစ်ကြောင်း ဆိုပါတယ်။

မျက်နှာပြင် အရည်အသွေးလည်း ကောင်းသလို၊ ကင်မရာလည်း ကောင်း လာပါမယ်။ အရွယ်အစားလည်း ၅ လက်မ ဝန်းကျင်အထိ ကြီးလာဖို့ရှိ ပါတယ်။ ကမ္ဘာ့ အပါးလွှာဆုံး စမတ်ဖုန်းအမည်ကိုလည်း ဆက်လက် ခံယူအုံးမှာ ဖြစ်ကြောင်း Executive level ရှိတဲ့ Huawei က ဝန်ထမ်းတစ်ဦး က ဆိုပါတယ်။ ဒါကြောင့်မို့ တရုတ် Huawei  ရဲ့  Ascend P6S ဟာလည်း ရေပန်း စားလာနိုင်ချေ ရှိကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း
.

0 comments: