အလုပ်လည်းရ၊ အမှုလည်းရ


-----------------------------

အရွယ်ငယ် မိန်းကလေး တစ်ဦးဟာ ရဲစခန်း တစ်ခုသို့ အလုပ် သွားလျှောက်ပါတယ်။

ဒီတော့ အင်တာဗျူးမှာ အရာရှိက မေးပါတယ်။

အရာရှိ -  ၂ နဲ့ ၂ ပေါင်းရင် ဘယ်လောက်ရလဲ။

မိန်းခလေး - ၎

အရာရှိ - ၁၀၀ ရဲ့  နှစ်ထပ်ကိန်းရင်းက ဘယ်လောက်လဲ

မိန်းခလေး - ၁၀

အရာရှိ - ဒီနေ့က သောကြာဆို နက်ဖန်က ဘာနေ့လဲ

မိန်းခလေး - စနေ

အရာရှိ -  ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်ခဲ့တာလဲ

မိန်းခလေ -      .........အဲ......။ မသိပါဘူးဆရာ.

အရာရှိ -    ကောင်းပြီလေ။ အိမ်ပြန်တော့။ အဲဒါကိုစဉ်းစားပြီး နက်ဖန်ပြန်လာခဲ့။

ဒီလိုနဲ့ မိန်းခလေးဟာ အိမ်ပြန်ပြီး ဝမ်းသာအားရနဲ့ အလုပ်ရလားလို့ အဖြေမျှော်နေတဲ့ သူ့သူငယ်ချင်းဆီကို ဖုန်းဆက်ပြောပါတယ်။

"သူငယ်ချင်းရေ ငါက အလုပ်ရရုံတင်မကဘူး၊ လူသတ်မှုခင်း တစ်ခုကိုပါ စုံစမ်းနေရပြီဟ"

--
International news for myanmar

1 comment: